ကျောက်ပန်းတောင်းမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဆွေးနွေးပွဲကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဆွေးနွေးပွဲကို၊ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၄၆/၂၀၂၂)ဖြင့် အတည်ပြုပြဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်ပါအမည်နှင့် အဓိပ္ပာယ်၊ အသင်းအဖွဲ့ဆိုင်ရာအချက်အလက်များ၊ မှတ်ပုံတင်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့်သက်ဆိုင်ခြင်းမရှိသောအဖွဲ့အစည်းများ၊ အသင်းအဖွဲ့၏ အခွင့်အရေးနှင့်တာဝန်များ၊ မှတ်ပုံတင်လက်မှတ်ရရှိထားသော အသင်းအဖွဲ့ကလိုက်နာရမည့်တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်နှင့်ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို ချပြရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းနှင့် ကျောက်ပန်းတောင်းမြို့ပေါရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများ၊ နာရေးကူညီမှုအသင်းစသည့် အသင်းအဖွဲ့(၉)ခုမှ အသင်းတာဝန်ရှိသူစုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)