အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများကို လစဉ်ပုံမှန်ရုံးဖွင့်ရက်(၂၁)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာလအတွက် ပင်စင်လစာ‌ငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်ကာ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Dec 21,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေ(၁၄၃.၁၇၀)ကျပ်သန်းဖြင့် အမှတ်(၁၂)မြောင်း၊ အမှတ် (၁၃)မြောင်းတူးဖော်ခြင်းလုပ်ငန်းအပိုင်း(၂)လုပ်ငန်းများအား ယ‌နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Dec 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်၁၀နာရီအချိန်က AIDS ရောဂါအကြောင်း သိကောင်းစရာ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
Dec 21,2022
မကွေးတိုင်းဒေသကြီး(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Dec 21,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်  မြန်မာ့စီးပွားရေးဘဏ်၌  နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
Dec 21,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ် သမား(၁၆၉)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။
Dec 21,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အခြေခံစာကြည့်တိုက် ပညာသင်တန်း အမှတ်စဉ်(၂) စာပေဟောပြောပွဲ အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။