မြန်အောင်ခရိုင်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပ

မြန်အောင် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်ခရိုင် ပညာရေးမှူးရုံး ပညာရတနာ ခန်းမတွင်ကျင်းပပြုလုပ်သည်။

(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားတွင် ခရိုင်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အဆင့်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ ရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင်ဦးစီးမှူး ဦးတင်မြိုင်က အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရမည့်လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊  မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဒေါ်သီတာအောင်၊ မြန်အောင်ခရိုင်ဦးစီးမှူး ဦးတင်မြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ်ဦးစီးမှူးများ၊ သင်တန်း နည်းပြများ တက်ရောက်ခဲ့ကြသည်။   

 အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းများကို မြန်အောင်ခရိုင်တွင် မြန်အောင်မြို့နယ်၌(၁၇၆)ဖွဲ့၊ ကြံခင်းမြို့နယ်၌ (၆၄)ဖွဲ့၊ အင်္ဂပူမြို့နယ်၌ (၁၃၂)ဖွဲ့ ဖွဲ့စည်းထားရှိပြီး မြေပြင်မှာအမှန်တကယ်ရှိနေတဲ့ လူတွေနဲ့ သူတို့ရဲ့အချက်အလက်များကို တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အဆင့်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြန်အောင်ခရိုင်ဦးစီးမှူး ဦးတင်မြိုင်ထံမှ သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)