အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စဉ့်ကူးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  (၇၅)နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အားကစားပြိုင်ပွဲများနှင့် လွတ်လပ်ရေးနေ့၌   အပြေးပြိုင်ပွဲများ၊ ပျော်ရွှင်ဖွယ်ရာ ကစားပွဲများကို     မြို့နယ်အားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  မြို့နယ်အားကစားနှင့်ကာယပညဦးစီးဌာနက  သိရသည်။    
Dec 23,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အသိပညာဗဟုသုတရရှိစေရန်အတွက် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ (Working Group) လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီမှ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ် ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများလေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယ‌နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးငယ်များစာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများပြုလုပ်ပေးခဲ့သည်။
Dec 23,2022
 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု နှစ်ဆောင်းမြေပဲမျိုးစေ့ ထုတ်ကွက်(၅၀)ဧကနှင့် အထွက်ကောင်းမျိုးစေ့မျိုးသန့်များ ထုတ်လုပ်နိုင်ရေး စံပြကွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။