ပိုင်ကျုံ ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများလေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးငယ်များစာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများပြုလုပ်ပေးခဲ့သည်။
ကျောင်းပိတ်ရက်များတွင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက်လေ့လာကြသည့် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်မှ ကျောင်းသားလူငယ်များတို့အား ပိုင်ကျုံမြို့ ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးနှင့် ဝန်ထမ်းများက ပုံပြောပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ၊ ခုံလုတမ်းပြိုင်ပွဲနှင့် အပ်ချည်ထိုးပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ခဲတံနှင့် အာဟာရမုန့်များတိုက်ကျွေးခဲ့ကြောင်း၊ ပြိုင်ပွဲများကို အပတ်စဉ် ကျောင်းပိတ်ရက်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နော်ခူး