စဉ့်ကူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စဉ့်ကူး   ဒီဇင်ဘာ    ၂၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စဉ့်ကူးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲတွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ မပျက်မကွက် ပါဝင်ဆင်နွှဲရေး၊  မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးတို့အား ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ဆက်လက်ဆွေးနွေး မှာကြားခဲ့ကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေ များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)