အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေးမြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) မြေပြင်တိုက်ဆိုင်စစ်ဆေးရန်အတွက် ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့​သည်။
Dec 24,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပေါင်းစုံ အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည့်၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဆုချီးမြင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
Dec 24,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ကြက်ခြေနီအသင်းမှကြီးမှူး၍ ကျေးလက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် မတော်တဆထိခိုက်ဒဏ်ရာရရှိပါက ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းများကို ခရမ်းမြို့နယ် အ.ထ.က(ခွဲ) ကင်မွန်းခြုံကျောင်းတွင် ကွင်းဆင်း၍ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းမှ သိရှိရသည်။
Dec 24,2022
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအကျိုးပြု ဘွဲ့လွန်ဒီပလိုမာသင်တန်းများ၊ Certificate သင်တန်းများဖွင့်လှစ် သင်ကြားနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာအုပ်စု၊ ကျောက်ဆည်တက္ကသိုလ်၊ Theatre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ​တေးမြို့နယ်တွင်(Working Group)​ မြေပြင်ကွင်းဆင်း စာရင်း​ကောက်ယူ​ရေးကြီးကြပ်မှု​ကော်မတီအစည်းအ​ဝေးကို ယမန်နေ့နေလယ် ၂ နာရီက တွံတေးမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ရုံး​၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ အထက(၁)ကျောင်း ဘောလုံးကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက်(၉)နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ အမှာစကားပြောကြားပြီး အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးပါသည်။
Dec 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။