အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သုတရသစာအုပ်များလှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Dec 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် သာယာဝတီခရိုင်အဆင့် ကျောင်းသား၊ ကျောင်းသူများအား လူရွေးချယ်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ခရိုင်အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 23,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင်  (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီပြည်နယ်အဆင့် နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကိုအမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ယမန်နေ့နံနက် ၉နာရီက မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ မွေးမြူရေး အထောက်အကူပြုသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။
Dec 23,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ချစ်ကြည်ရေး အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်အုပ်စု၊ ချောင်းနက်(အနောက်) ကျေးရွာ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 23,2022
(၈၅)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး​နေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ​ရွှေမြိုင်သီရိရပ်ကွက်၊ ​မြောင်ဘက်ကွင်း​ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကရင်စာ​ပေနှင့်ယဉ်​ကျေးမှု​ကော်မတီ ဝင်များ၊ ဖိတ်ကြားထားသူများ တက်​ရောက်ခဲ့သည်။
Dec 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာအထက်တန်းအဆင့် အမျိုးသား၊အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။