အမရပူရ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု နှစ်ဆောင်းမြေပဲမျိုးစေ့ ထုတ်ကွက်(၅၀)ဧကနှင့် အထွက်ကောင်းမျိုးစေ့မျိုးသန့်များ ထုတ်လုပ်နိုင်ရေး စံပြကွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းမြေပဲ စိုက်ပျိုးဖြစ်ထွန်းမှုနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စားသုံးဆီဖူလုံရေးဦးတည်ချက်၊ ရည်မှန်းချက်များများထားရှိ၍ တစ်ဧက အထွက်နှုန်း တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အထွက်ကောင်းမျိုး သန့်များပွားများ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စံပြကွက်များနှင့် မျိုးစေ့ထုတ်ကွက်ဧက (အထွက်နှုန်းတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အထွက်ကောင်းမျိုးသန့်များပွားများ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စံပြကွက်များနှင့် မျိုးစေ့ထုတ်ကွက်ဧက၅၀ကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမိုးဆွေရီထံမှ သိရသည်။ အမရပူရမြို့နယ်အနေဖြင့် ဆောင်းမြေပဲစိုက်ဧက ၆၄၅ဧက လျာထားပြီး လက်ရှိအချိန် မြေအစိုဓာတ် များနေမှုကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ လျာထားဧကထက်ပြည့်မီကျော်လွန်နိုင်ကြောင်း သိရသည်။
စိုးသီဟ(အမရ)