မြင်းခြံ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အသိပညာဗဟုသုတရရှိစေရန်အတွက် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကိုသတိပြုဖို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်လျှပ်စစ်ဌာနမှ လျှပ်စစ်ကို လိုအပ်မှသုံး ချွေတာသုံး ဘေးကင်းလုံခြုံသတိရှိစေချင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်းဦးရာသီမှာသတိပြုစရာများနှင့် ကလေးများတွင်ဖြစ်ပွားသော ကလေးတီဘီရောဂါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ