မဘိမ်းမြို့၌ (Working Group) လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

မဘိမ်း ဒီဇင်ဘာ ၂၃        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ (Working Group) လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီမှ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ် ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မ တီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူဦးရေစာ ရင်းနှင့် မဲစာရင်းများမှန်ကန်စေရန်အတွက် ကွင်းဆင်းကောက်ယူရာတွင် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသည် အဓိကတာဝန်ရှိသူဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ (Working Group)လူဦးရေစာရင်းကောက်ယူရေး ကော်မတီအဖွဲ့ဝင်များနှင့်ပူး ပေါင်း၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အားလုံးပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီဆောင် ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ (Working Group)အတွင်းရေးမှူး မြို့နယ်ဦးစီးအရာရှိ ဦးတင့်ဝေက မြေပြင် လူဦးရေစာရင်းကောက်ယူရေးနှင့်ပတ်သက်၍ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းကောက် ယူရေးကြီးကြပ်မှုကော်မတီ၏ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်/ဆင်း ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းတာဝန်အကြောင်းအရာများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအား မြေပြင်ကြီးကြပ်နိုင်ရေး တာဝန်ခွဲဝေလျာထားမှုအခြေ အနေများနှင့် အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇာနည်မောင်က မြို့နယ်အတွင်း လုံခြုံရေးအစီအမံ များ ဆောင်ရွက်ထားရှိမှုအခြေအနေများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက သိရှိလို သည်များကို အပြန်အလှန်အသီးသီးဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)