အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ (၃၁)ကြိမ် မြောက်နေ့/ည အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀)ချိန်က ဇိနသုခ လောကသရဖူ စေတီတော်ကြီးရှိ သဟပုည ကာရီ သာသနာ့ဗိမာန်တော်အတွင်း၌ ကျင်းပပြုလုပ်သည်။
Dec 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကြက်သွန်ဖြူ စိုက်ပျိုးသူများအောင်မြင်ဖြစ်ထွန်းပြီး မိသားစုအတွက် အပိုဝင်‌ငွေရရှိကြကြောင်း သိရသည်။
Dec 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာရေးဆရာ ကောင်းပြည့်သော်ရေးသားသည့် စိတ်ဓာတ်ခွန်အားစကား (၁၀၀) စာအုပ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေဟိန်းထက်ကုမ္ပဏီ၊ Sea&Lake Garden အပန်းဖြေဥယျာဉ်တွင် ယ‌နေ့နံနက်(၉)နာရီ(၄၀)က မြန်မာနိုင်ငံ စက်ဘီအဖွဲ့ချုပ်၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုသိမ်၊ ချောင်းသာ၊ ရွှေသောင်ယံမောင်းတိန်းနှင့် ပြိုင်ဘီးအသင်းလိုက် ဖိတ်ခေါ်တာ ဝေးစက်ဘီးစီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ကျင်းပသည်။
Dec 23,2022
မေး။ဆရာတို့အ​နေနဲ့ ၅၀၀ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းကိုဘယ်လို စတင်အကောင်အထည် ဖော်ဖြစ်ခဲ့တာပါလဲ။ ဖြေ။မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊အထူးသဖြင့်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို လျှပ်စစ်ဓာတ်အားသုံးစွဲမှုများတဲ့ ရန်ကုန်မြို့နှင့်တကွမြန်မာနိုင်ငံတောင်ပိုင်းကို ပို့လွှတ်ဖြန့်ဖြူးဖို့ ၅၀၀ကေဗွီဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃-၂၀၁၄ခုနှစ်လောက်ကစပြီး အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါတယ်။ယခင်ကတော့ ၂၃၀ကေဗွီ၊၁၃၂ကေဗွီ ဓာတ်အား လိုင်းတွေနဲ့ ပို့လွှတ်ဖြန့်ဖြူးခဲ့ပေမဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှစ်စဉ် တိုးတက်များပြားလာတဲ့ အတွက်၂၃၀ ကေဗွီဓာတ်အားလိုင်းတွေနဲ့ ဓာတ်အားပို့လွှတ်ရာမှာ ဒီဓာတ်အားလိုင်း‌တွေဟာ ဝန်အားနိုင်နင်းမှုမရှိတော့တဲ့အတွက်ကြောင့် ၅၀၀ကေဗွီဓာတ်အား လိုင်းနဲ့ခွဲရုံတွေကို အကောင်အထည်ဖော်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းတည်နေရာတွေကတော့ ကံကောင်း (မိတ္ထီလာ)မှာ ၅၀၀/၂၃၀ကေဗွီဓာတ်အားခွဲရုံတည်ဆောက်တယ်။ ဒီ၅၀၀ကေဗွီ ကံကောင်းခွဲရုံ ကနေစပါးကြွယ်(တောင်ငူ)အထိ ၅၀၀ကေဗွီဓာတ်အားလိုင်း (၁၄၆)မိုင်တည်‌ဆောက်သလို စပါး ကြွယ်မှာ၅၀၀/၂၃၀ကေဗွီဓာတ်အားခွဲရုံစီမံကိန်းတည်‌‌ဆောက်အကောင်အထည်‌ဖော်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ကံကောင်းဓာတ်အားခွဲရုံကနေစပါးကြွယ်ခွဲရုံအထိ ၅၀၀ကေဗွီဓာတ်အားလိုင်း တည် ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။ ယခုတည်ဆောက်ပြီးစီးသွားတဲ့ ၅၀၀ကေဗွီဓာတ်အား လိုင်းကို လက်ရှိနိုင်‌ငံတော်ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ဖို့အတွက် မိတ္ထီလာအနီးမှာရှိတဲ့ ၂၃၀ ကေဗွီ သပြေဝ ဓာတ်အားခွဲရုံနဲ့  ၅၀၀ကေဗွီ ကံကောင်းဓာတ်အားခွဲရုံကို ၂၃၀ကေဗွီဓာတ်အား လိုင်း တည်ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။
Dec 23,2022
ကျောင်းသား/သူများ အနေဖြင့် ဒီဇင်ဘာ ကျောင်းပိတ်ရက်ကာလအား အကျိုးရှိစွာ အသုံးချ နိုင်စေရေးနှင့် ဂီတနှင့် ကျွမ်းဝင်မှု ရှိစေရေး၊ လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဘိုကလေးမြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသား/သူများအား မြို့လယ်ချိုကြည် သာသနာ့ဗိမာန်တွင် ဘင်ခရာတီးခတ်နည်း သင်တန်း ပို့ချပေးလျက်ရှိသည်။
Dec 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်စီမံကိန်းရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
Dec 23,2022
 ဧရာဝတီတိုင်း​သေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပုသိမ်-ချောင်းသာ-ရွှေသောင်ယံ တာဝေးစက်ဘီးပြိုင်ပွဲမှ ပြိုင်ပွဲဝင်များသည် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ချောင်းသာမြို့သို့ ရောက်ရှိခဲ့ပြီး ချောင်းသာ-ရွှေသောင်ယံလမ်းမှ ရွှေသောင်ယံမြို့သို့ ဆက်လက်ထွက်ခွါခဲ့ကြောင်း သိရသည်။