Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Dec 24,2022
နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ပထမနှစ်သင်တန်းသို့ တက်ရောက်သူ မောင်မယ်သစ်လွင် ၁၃၇ ဦး တက်ရောက်လျက်ရှိကာ ၎င်းတို့၏ရမှတ်နှင့် ဦးစားပေးလျှောက်ထားမှု အပေါ် မူတည်၍ ဘာသာရပ် ၄ ခုကို ပျှမ်းမျှ ၃၅ ဦးနှုန်းဖြင့် အချိုးကျခွဲဝေ၍ ဘာသာရပ်အလိုက် ဆရာ၊ကျောင်းသားအချိုး ညီညွတ်မျှတစွာသင်ကြားလျက်ရှိကြောင်း ယမန်နေ့နံနက် ၉ နာရီခွဲခန့်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလို
Dec 24,2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်း)မြန်မာ့သိုင်းပြိုင်ပွဲ၊ အလွတ်တန်းနှင့်အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပဒေသာကပွဲများအား ကြည့်ရှုအားပေး
Dec 24,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပဒေသာကပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဆောင်းရာသီ အားကစားပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်
Dec 24,2022
ကချင်ပြည်နယ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်နေကြသည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား/ ကျောင်းသူများအတွက် ဆောင်းရာသီ အားကစားပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြလုပ်ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ဖွင့်လှစ်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့တွင် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်းသီးနှံများ စံပြစိုက်ပျိုးဆောင်ရွက်
Dec 24,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း မျိုးကောင်းမျိုးသန့်ပွားများ ရေး၊ စားသုံးဆီဖူလုံရေးနှင့်တောင်သူများ ဝင်ငွေတိုးတက်ရေးတို့အတွက် ဆီထွက်သီးနှံ တစ်ခုဖြစ်သည့် မြေပဲ(၁၀)ဧကစံပြစိုက်ကွက်ကို ခနောင်ကြီးကျေးရွာအုပ်စုတွင် အကျိုးဆောင် တောင်သူတစ်ဦးဖြစ်သည့် ဦးကျော်သိန်းနု၏လယ်မြေတွင် ဆင်းပဒေသာ(၁၁)နှင့် မကွေး(၁၆) မျိုးနှစ်မျိုးဖြင့် ပညာပေးစိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်ဝင်းထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အားကစားရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကင်းသာ ပန်းခြံသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
Dec 24,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်တွင် တည်ဆောက်ခဲ့သော ရန်ကင်းသာပန်းခြံသစ် ဖွင့်လှစ်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါ ပန်းခြံကားပါကင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၂၀၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Dec 24,2022
မော်လမြိုင်မြို့နယ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-10, Grade-11 ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲကို ယမန်နေ့လယ် (၁:၀၀)နာရီက၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင် တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ မွန်ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17206
Page
17207
Page
17208
Page
17209
Current page
17210
Page
17211
Page
17212
Page
17213
Page
17214
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department