အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက် ၁၈ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ရွှေကျွန်းမြေအားကစားကွင်း၌ကျင်းပကြောင်း သိရသည်။
Dec 24,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက် မည့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။
Dec 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ ဆောင်းရာသီအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းအားကစားခန်းမတွင် ကျင်းပသည်။
Dec 24,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဘာသာရေးအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ ပူးပေါင်းဦးဆောင်မှုဖြင့် ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကာလတွင် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
Dec 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဆောင်းရာသီအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် လျက်ရှိရာ၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီက အဆိုပါကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2022
ရှမ်းပြည်နယ်၊ မြောက်ပိုင်း(ကျောက်မဲ)ခရိုင်၊ မိုင်းငေါ့မြို့တွ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 24,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့နေ့လည် ၁၂နာရီ ကရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်ကမ်းနားလမ်းရှိ နေအိမ်များအားအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။