ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေး နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဆောင်းရာသီအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် လျက်ရှိရာ၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီက အဆိုပါကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို အားကစားအဓိဌာန် ရွတ်ဆိုဖွင့်လှစ်၍ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စိတ်နှင့် ခန္ဓာကျန်းမာကြံ့ခိုင်စေရန် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း အမှာစကား ပြောကြားပြီး အားကစားကော်မတီဥက္ကဋ္ဌ ဒေါက်တာ မင်းသျှန်ထွန်းက အားကစားအမျိုးအစားအလိုက် ကျင်းပပြုလုပ်သွားမည့် အချိန်စာရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားကော်မတီအဖွဲ့ဝင် ဦးမြင့်သန်းနိုင်က ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အားကစားနည်းများအလိုက် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တင်တင်ထွေး