ကျိုင်းတုံ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ ဆောင်းရာသီအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းအားကစားခန်းမတွင် ကျင်းပသည်။
ပွဲတော်ဖွင့်ပွဲတွင် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သာထွန်းက အမှာစကားပြောကြားပြီး နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ အားကစားအဖွဲ့ဥက္ကဋ္ဌ၊ ကထိက (Civil) ဦးဝင်းမြင့်က ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆောင်းရာသီအားကစားပွဲတော်၌ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ကြက်တောင်ရိုက်၊ ပြိုင်ပွဲများအား သက်ဆိုင်ရာအထူးပြုဘာသာရပ်များအလိုက် ဒီဇင်ဘာ ၂၄ ရက်မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်