အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် မိုးစပါးများကို ရပ်ကွက်/ကျေးရွာများတွင် ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ တစ်ဧကအထွက်နှုန်း ပျမ်းမျှတင်း(၈၀)နှုန်းထွက်ရှိပြီး ဧရာမင်းစပါးတစ်တင်းလျှင် ငွေကျပ် ၁၂၀၀၀ နှုန်းဖြင့် ရောင်းချရကြောင်း သိရသည်။
Dec 24,2022
မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ကကြီးမှူး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်း (၁/၂၀၂၂) အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြင်ဦးလွင် မြို့တော်ခန်းမ၌ ကျင်းပသည်။
Dec 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်လှကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 24,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း စက်သံဆူညံစွာတပ်ဆင်မောင်းနှင့်သော မော်တော်ဆိုင်ကယ်များမှ သိမ်းဆည်း ထိန်းသိမ်းထားရှိသည့် ပါဝါအိတ်ဇောများဖျက်ဆီးခြင်း အခမ်းအနားကို ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ဒီဇင်ဘာလ ၂၄ ရက် နံနက် ၈ နာရီက ခရိုင်စုပေါင်းရုံးရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
Dec 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ခရိုင်အတွင်းအိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ရှင်းလင်းခြင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Dec 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာအမှိုက်များ ကင်းရှင်းစေရေးနှင့် Clean City, Green City, Smart City ဖြစ်လာစေရေးအတွက် မြို့နယ်နေပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များအား တစ်ပိသာလျင်(၁၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူခြင်းလုပ်ငန်းအား စတုတ္ထအပတ်စနေနေ့အဖြစ် ယနေ့နံနက် ၈ နာရီအချိန်မှ နံနက် ၁၁ နာရီအချိန်အထိ အမှတ်(၁၂)ရပ်ကွက်၊ တပင်ရွှေထီးလမ်းမကြီး၊ တောရအခြေခံပညာမူလန်းကျောင်းရှေ့၌ ဆောင်ရွက်သည်။