ကျွန်းလှ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက် ၁၈ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ရွှေကျွန်းမြေအားကစားကွင်း၌ကျင်းပကြောင်း သိရသည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်၊ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စုလေးအုပ်စုခွဲ၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ပထမ၊ ဒုတိယနှင့် တတိယ ဆုရအသင်းများအား လွတ်လပ်ရေးနေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မျိုးဝင်းညို