မိုင်းငေါ့ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်၊ မြောက်ပိုင်း(ကျောက်မဲ)ခရိုင်၊ မိုင်းငေါ့မြို့တွ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ စာကြည့်တိုက်မှူး ဒေါ်မို့မို့က မြန်မာနိုင်ငံ၏ နေ့ထူး နေ့မြတ်များကိုကျောင်းသား/သူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့ စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု အားကောင်း စေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်ရွက်ပြိုင်ပွဲ၊ ပင်ပေါင် ဇွန်းကိုက် ပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက် ပေးခဲ့ရာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၁၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပြီး ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)