မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

မိုးညို ဒီဇင်ဘာ ၂၄

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက် မည့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင်ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းစနစ်တကျနေရာယူကာ နိုင်ငံတော်အလံအား အလေးပြု၍ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြသည်၊ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦး‌အောင်ကျော်ဟန်က ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပသွားမည့် အစီအစဉ်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများနှင့် ဧည့်ပရိတ်သတ်များ တက်‌ရောက်ခဲ့ကြပြီး ဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာပေါင်းစုံအသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်၍ ဒီဇင်ဘာ(၂၃)ရက်မှ ဇန်နဝါရီလ ၂ ရက်နေ့ထိ ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)