Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းဆုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင် (၇၈၄၃၂) လုံး အခမဲ့ဖြန့်ဝေ
Dec 25,2022
၂၀၂၃ ခုနှစ်တွင် ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးစီမံချက်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ငှက်ဖျားရောဂါအဖြစ်များသည့် ကျေးရွာနှင့် ဖြစ်နိုင်ခြေရှိသည့် ကျေးရွာများ အားကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင်အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က ကျေးရွာအသီးသီးရှိ ကျန်းမာရေးဌာန/ဌာနခွဲများတွင် ပြည်သူများအား ဆေးစိမ်ခြင်ထေင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် လူထုအခြေပြဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း(၃/၂၀၂၂) အခမဲ့ဖွင့် လှစ်မည်
Dec 25,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ ပူပေါင်းကာ လူငယ်လူရွယ်များ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း(၃/၂၀၂၂) သင်တန်းကို မြို့နယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အခမဲ့စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ် (ဘားအံ) မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Dec 25,2022
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ နှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Dec 25,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က ယုန်နှစ်ကောင်ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ(ဒုတိယည) ဖျော်ဖြေမှုများအား ကြည့်ရှုအ…
Dec 25,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ(ဒုတိယည) သီဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် တပ်ကုန်းမြို့၌ စာဖတ်ဝိုင်းကျင်းပ
Dec 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်း များရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ လျက်ရှိရာ စာရေးဆရာ ဒေါက်တာ ခင်စန်းမော် ရေးသားထားသည့် “ပညာရှင်စိတ်ထား” စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၂နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ဒီဇင်ဘာလအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကျင်းပ
Dec 25,2022
ကိုယ်လက်ကြံ့ခိုင်ရေး အားကစားလှုပ်ရှားခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းမှသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်၍ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းစေရန် ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်း လျှောက်ပွဲနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ပါဝင်ဆင်နွှဲ
Dec 24,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17199
Page
17200
Page
17201
Page
17202
Current page
17203
Page
17204
Page
17205
Page
17206
Page
17207
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department