အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများသည် ယနေ့နံနက်က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်းနှင့်အိမ်ကြီးလမ်းရှိ စျေးများတွင် ပျံကျ ဈေးသည်နှင့်ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးပြီး Mask Campaign ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့်
Dec 25,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင် ခန့်အကွာတွင်တည်ရှိသော ကမ္ဘာကျော်မီးငြိမ်းတောင်တစ်လုံးဖြစ်သည့် ပုပ္ပားတောင်မကြီးတွင် ဒီဇင်ဘာလရောက်တိုင်း တောင်တက်ပွဲများပြုလုပ်လျက်ရှိရာ ယခုနှစ်အတွင်း ပါဝင်တက်ရောက်သူ ၂၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
Dec 25,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ (သထုံ)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယနေ့၊ နံနက်မှ စတင်ကာ ကျင်းပပြုလုပ်ပေးခဲ့သည်။
Dec 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးတို့သည် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် (၁၀)နာရီအချိန်က တမန်ချောင်းကျေးရွာ အုပ်မှူးရုံးတွင် နွေစပါး စိုက်တောင်များနှင့်တွေ့ဆုံခဲ့သည်။ ထို့သို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ဆောင်းသီးနှံများ ကိုလျာထားချက်များနှင့် အညီအပြည့်အဝစိုက်ပျိုးနိုင်ရေး၊နွေစပါး Contact Farming ဖြင့် သွင်းအားစုများ ထုတ်ပေးနိုင်ရေးအတွက် စာရင်းပြုစုဆောင်ရွက်ရေး၊ ဆီထွက် သီးနှံဖြစ်သည့် နေကြာလျာထားချက် ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
Dec 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ မဟာဝိသုတာရာမ(ဥယျဉ်ကြီး)ကျောင်းတိုက်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိစ၏တပည့် သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်ပညာသာမိ၏ ဂုဏဝိသိဌပူဇာ ချီးကျူး ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Dec 25,2022
ကျောင်းသားကျောင်းသူ လူငယ်လေးများ မတော်တဆယာဉ်အန္တရာယ်ဖြစ်ပွားမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်နိုင်ရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ လူကုန်ကူးခံရခြင်းများမှ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်လျက် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းလျက်အသိပညာပေး ဟောပြောပွဲများကို ဒီဇင်ဘာလ ၂၃ ရက်နေ့က မုံရွာစီးပွားရေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 25,2022
၂၀၂၂-၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော သွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်း မြေဩဇာနှင့် ယူရီးယားမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်၍ ပံ့ပိုး ပစ္စည်းတွေ သွင်းအားစုတွေ အတိုးမရှိအောင် တောင်သူတွေရဲ့ လယ်ယာမြေကြီးထဲ တိုက်ရိုက်ထည့်သွင်းခြင်း ကြောင့် သီးနှံများအထွက်နှုန်း တိုးစေမှာဖြစ်ကြောင်း ပြောကြားခဲ့ သည်။