အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပလျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်တွင် အဖွဲ့လိုက် Fitness Dance အကများ  ဆက်လက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
Dec 26,2022
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ PR စနစ် အကြောင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက်  အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK စနစ်ဖြင့် စီစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ၊ ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်နှင့် အတူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဌ ဦးကျန်အေးနှင့် အဖွဲ့၀င်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများ၊ ရပ်/ကျေး စာရေးများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
Dec 26,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့၌ ဆောင်းသီးနှံ စိုက်ခင်းများတွင် ငရုတ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစားကာ ဝင်ငွေကောင်းလျက်ရှိကြောင်း ငရုတ်သီးစိုက် တောင်သူများထံမှ သိရသည်။
Dec 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံသားစိစစ်‌ရေးကတ်နှင့် အိမ်‌ထောင်စုစာရင်းအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Dec 26,2022
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပတ်ဝန်းကျင် ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေ လေ့လာခြင်းများကို ခရီးသွားများ ပိုမိုစိတ်ဝင်တစားလာရောက် လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှု တစ်ရပ်အဖြစ်  ရည်ရွယ်ကာ  ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပြင်ဦးလွင်  ကျေးလက်ဒေသ  စက်ဘီးစီးခရီးစဉ် ၂၀၂၂  ဖွင့်ပွဲကို ယမန်နေ့နံနက် (  ၀၇:၃၀  )နာရီက  ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စက်ဘီးစီးဝါသနာရှင်များ တက်ရောက်ကြသည်။
Dec 25,2022
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာ ဝပြောခြင်းများနှင့် ပြီးပြည့်စုံ၍ ခရစ်တော်၏ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့) နံနက် ၁၁ နာရီခန့်က ဘားအံမြို့ စိန့်ဖရန့်စစ်ဇေးဗီးယဲ ကတ်သလစ်ဘုရားရှိခိုး ကျောင်း ဘားအံသာသနာနယ် ဂိုဏ်းအုပ်ဆရာတော် ဂျပ်စတင်းစောမင်းသိုက်နှင့် ဘုန်းတော်ကြီးများအား ဂါရဝပြုတွေ့ဆုံစဉ် ပြောကြား သည်။
Dec 25,2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ဂေါက်ကလပ်၌ ကျင်းပရာ ဂေါက်သီးရိုက်အားကစားသမား ၇၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
Dec 25,2022
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့အထကမှ ကျောင်းသားကျောင်းသူဟောင်းများ ဦးဆောင်ပြုလုပ်သော (၁၉)ကြိမ်မြောက် (မြတ်ဆရာ) အာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့လယ်ဓမ္မရက္ခိတကျောင်းတိုက် သာသနာ့ဗိမာန်၌ ကျင်းပသည်။