လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာများ ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ကျောင်းကုန်း ဒီဇင်ဘာ ၂၅

၂၀၂၂-၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော သွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်း မြေဩဇာနှင့် ယူရီးယားမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်၍ ပံ့ပိုး ပစ္စည်းတွေ သွင်းအားစုတွေ အတိုးမရှိအောင် တောင်သူတွေရဲ့ လယ်ယာမြေကြီးထဲ တိုက်ရိုက်ထည့်သွင်းခြင်း ကြောင့် သီးနှံများအထွက်နှုန်း တိုးစေမှာဖြစ်ကြောင်း ပြောကြားခဲ့ သည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေသည် အတိုးမရှိပါ၊  တောင်သူ့လက်ဝယ်ရောက်ရှိ၍ အသင်းအစုအဖွဲ့တွေ ဖြစ်လာဖို့၊ အရည်အသွေးမြင့်သီးနှံများ ထွက်ရှိ၍ ဈေးကောင်းရဖို့၊ သီးနှံအထွက်နှုန်းကောင်း သော မျိုးကို ရွေးချယ်စိုက်ပျိုးကြဖို့ ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နွေစပါးစိုက်ပျိုးမှုအတွက် ပံ့ပိုးပစ္စည်းနှင့် ပဲတီစိမ်း စိုက်ပျိုးမှု အတွက် ပံ့ပိုးပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက နွေစပါးစိုက်ပျိုးမှုအတွက် ပံ့ပိုးပစ္စည်းနှင့် ပဲတီစိမ်းစိုက်ပျိုးမှုအတွက် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)