အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများ အား CROSSCHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၁)နာရီအချိန်က ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရခိုင်ပြည်နယ် တာဝန်ခံဒေါ်နုမြဇံ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်အဆင့် ဝန်ထမ်း များ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
Dec 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ဗိုလ်ချုပ်လမ်းမကြီးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မြို့သန့်ရှင်းသာ ယာလှပရေးအတွက် သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
Dec 25,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကမ္မဌာန်းကျောင်းတိုက် ပဓာနနာယကဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခ ဌာနမှူး ဆရာ တော် ဒေါက်တာဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ၏ အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဌ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ကမ္မဌာန်းကျောင်းတိုက်ရှိ ဒေါ်လှမြင့် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 25,2022
 ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သောသွင်းအားစု( ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာ၊ ကွန်ပေါင်းမြေ သြဇာ) ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့ ဝေဠုဝန်ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့သည်။
Dec 25,2022
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာဝင်းအတွင်း ခရစ္စမတ်ညစာစားပွဲ ကို ယမန်နေ့ညနေ ၆ နာရီအချိန်က ကျင်းပရာရှေးဦးစွာ မြန်မာနှစ်ခြင်းအသင်းတော် ဆရာကူးကူးက အဖွင့်ဆုတောင်းမေတ္တာပို့သခဲ့သည်။
Dec 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။
Dec 25,2022
ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ ယနေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများ စည်ကားများပြားလျက်ရှိသည်။