မုံရွာ စီးပွားရေးတက္ကသိုလ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအပါအဝင် အသိပညာပေး ဟောပြောပွဲများကျင်းပ

မုံရွာ ဒီဇင်ဘာ ၂၅

ကျောင်းသားကျောင်းသူ လူငယ်လေးများ မတော်တဆယာဉ်အန္တရာယ်ဖြစ်ပွားမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်နိုင်ရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ လူကုန်ကူးခံရခြင်းများမှ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်လျက် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းလျက်အသိပညာပေး ဟောပြောပွဲများကို ဒီဇင်ဘာလ ၂၃ ရက်နေ့က မုံရွာစီးပွားရေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

  အခမ်းအနားတွင် ရှေးဦးစွာမုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ‌သီတာကြူက အဖွင့်အမှာစကား ပြောကြားပြီး နောက် အမှတ် ( ၁၇ )ယာဉ်ထိန်းရဲ ဒုဖွဲ့ခွဲမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူး မိုးကျော်ဟိန်းက မတော်တဆ ယာဉ်အန္တရာယ်ဖြစ်ပွားမှုများမှ ကြိုတင်ကာကွယ်နိုင်ရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ အမှတ် (၁၄) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု( မုံရွာ) မှ ရဲမှူး မြင့်စိုးက လူကုန်ကူးမှု လူမှောင်ခိုမှုဆိုင်ရာများ၊ လူကုန်ကူးသူ လူပွဲစားများအနေဖြင့် Online အသုံးပြု၍ စည်းရုံးခေါ်ဆိုခံရမှုအပေါ် လူကုန်ကူးခြင်းခံရနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအားလည်းကောင်း၊အမှတ်(၈) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး စိုင်းယဉ်ဝင်းထွန်းက မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာသိကောင်းစရာများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

 အဆိုပါအခမ်းအနားသို့ မုံရွာစီးပွား ရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ‌ သီတာကြူနှင့် ဒုတိယပါမောက္ခချုပ်များ၊ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများစုစုပေါင်း (၅၉၉) ဦးတက်ရောက်ခဲ့ကြကြောင်းသိရပြီး အခမ်းအနားတက်ရောက်လာသူများအား လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေး လက်စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်