ပုဇွန်တောင် ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများသည် ယနေ့နံနက်က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်းနှင့်အိမ်ကြီးလမ်းရှိ စျေးများတွင် ပျံကျ ဈေးသည်နှင့်ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးပြီး Mask Campaign ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ် စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်က အနီးကပ်ကြီးကြပ်ပြီး ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်းနှင့်အိမ်ကြီးလမ်းရှိ ပျံကျဈေးသည်များနှင့် ဈေးဝယ်များအား ကိုဗစ်-၁၉ရောဂါပြန်လည်ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက် အတိုင်း Mask နှင့် Face shie အကာများကို တပ်ဆင်ခြင်းဖြင့် စျေးရောင်းသူများသည် စျေးဝယ်သူအများအပြားနှင့်နီးကပ်စွာထိတွေ့နေရသဖြင့် အကာအကွယ်ရရှိစေရန်၊ စျေးဝယ်သူများအနေဖြင့်လည်း စျေးသို့မလာမှီက ပင်မိမိဝယ်ယူမည့် ပစ္စည်းအမျိုးအမည်နှင့်အရေ အတွက်ကို ကြိုတင်စာရင်းပြုလာစေရန်၊ စျေးဝယ်သူများအနေဖြင့် မိမိဝယ်ယူမည့်ပစ္စည်းများအား အမြန်ဝယ်စေရန်၊ အသက်အရွယ် ကြီးသူများ ရောဂါအခံတစ်မျိုးမျိုးရှိသူများအနေဖြင့် စျေးရောင်းခြင်း၊ စျေးဝယ်ခြင်းများ မပြုလုပ်စေရန်၊ နေ့တိုင်းစျေးဝယ်မထွက်ပဲ ဖြစ်နိုင်ပါက ၂ ရက်တစ်ခါ ၃ ရက်တစ်ခါသာ စျေးဝယ်ထွက်စေရန်၊ စျေး ရောင်းသူများနှင့်စျေးဝယ်သူများအကြား ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပြီး Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်