အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
Dec 25,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆိပ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသား (အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲများကို ယနေ့ နံနက် (၈)နာရီ အချိန်က ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန မီတာ(၄၀၀)ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 25,2022
ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာလာရောက်လျက်ရှိကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးကပြောကြားသည်။
Dec 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည်ကာ ဧည့်စာရင်း စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
Dec 25,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းခွဲ ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု (မြောက်) ရုံးပင်ကန်ကျေးရွာရှိ အထက်တန်းကျောင်းခွဲကျောင်းဆောင်သစ် ၊ (R.C.C) (၂)ထပ် ရေမီးအပါအဝင် ကျောင်းဆောင်နှင့်၊ မူလွန်၊ ရေနားကျောင်း၊ (R.C.C.Long. Post (၁) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီ အချိန်က မြောင်းမြမြို့အတွင်းရှိ စျေးများအတွင်းတွင် ပလတ်စတစ်အိတ် မသုံးစွဲရနေ့အား သိရှိလိုက်နာကြရန် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။