အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် ယမန်နေ့ ဒီဇင်ဘာလ၂၅ရက်နေ့၊ ခရစ်စမတ်နေ့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူကြသော ပြည်တွင်း၊ပြည်ပ ခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။
Dec 26,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်မှ ဒေသခံတောင်သူအချို့သည် မြေအောက်ရေအသုံးပြု၍ တစ်ပိုင်တစ်နိုင် မာလကာပင် စိုက်ပျိုးကြပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း ဒေသခံတောင်သူထံမှ သိရသည်။
Dec 26,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုင်းစုကျေးရွာ ဘီးနင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သာပေါင်းကျေးရွာအုပ်စု ဆိုင်းစုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 26,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့(အ.ထ.က)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို‌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျောင်းသားလူငယ်များအား အသိပညာ တိုးတက်စေရေးနှင့် လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို နားလည်စေပြီး အစဉ်တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Dec 26,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ အောက်တိုဘာလဆန်းပိုင်းက စတင်စိုက်ပျိုးထားသည့် စီးပွားဖြစ် ရွှေဖရုံများ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိသည်။
Dec 26,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွာမရပ်ကွက်၊ ဘုရင့်နောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်၈နာရီက အဆိုပါလမ်းတွင် ကျင်းပသည်။
Dec 26,2022
ရှမ်းပြည်နယ်(တောဂ်ပိုင်း) လွိုင်လင်မြို့၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ၊ လွိုင်လင်ခရိုင်အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းများအား Cross Check ပြုလုပ်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးသန်းစိုးက ယမန်နေ့ နံနက် (၁၀)နာရီတွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။
Dec 26,2022
ဒေသခံတိုင်းရင်းသားပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ လွယ်ကူ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ (၅၉.၉၅)သန်းဖြင့် တင်ဒါအောင်မြင်သော ထူးထိပ်တန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မိုင်းလွေကျေးရွာ အုပ်စု၊ လောက်ကျန့်ကျေးရွာ ကုန်ထုတ်လမ်း(၁/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။