ကျောင်းကုန်း ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ မဟာဝိသုတာရာမ(ဥယျဉ်ကြီး)ကျောင်းတိုက်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိစ၏တပည့် သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်ပညာသာမိ၏ ဂုဏဝိသိဌပူဇာ ချီးကျူး ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊နိုင်ငံကျော် တေးသံရှင် မေသက်ထားဆွေ မှထူးမခြားနား"ဓမ္မတေးဖြင့် ရောင်တော်ဖွင့် ပူဇော်ခဲ့သည်။ မဏိရတနာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏထံမှ ါးပါးသီလ ခံယူဆောက်တည်ခဲ့ ပြီး၊ သာရဏီယအဖွင့်ဩဝါဒကထာ နာယူခဲ့ကြသည်။
ဆက်လက်၍ ကြွရောက်ချီးမြှောက်ကုန်သော ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ရန်ကုန်မြို့ ပုဗ္ဗာရုံကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခမှ သာသနဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်ပညာသာမိ အရှင်မြတ်၏ ထေရုပ္ပတ္တိ အကျဉ်း အား ဖတ်ကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ဆောင် ထူပါရုံဆရာတော် ဘဒ္ဒန္တခေမာစာရ မှဂုဏဝိသိဌပူဇာ ဂါထာတော်ဖြင့်ဂုဏ်ပြုပူဇော်ခဲ့ပြီး၊ နိုင်ငံကျော်တေးသံရှင် မေသက်ထားဆွေမှ (ဘုန်းကျော်/မင်းကွန်း) ရေးသားအပ်သော "အောင်ပန်းဆင့်ဆင့် ဆွတ်ခူးနိုင်စေ" အမည်ရ ရှစ်ဆယ်ပေါ်တေးထပ်ဖြင့် သီကြူးပူဇော်ခဲ့သည်။
ထို့နောက် ဂုဏဝိသိဌအပူဇော်ခံ အရှင်ပညာသာမိအား အာမိသပူဇာ နဝကမ္မတို့ဖြင့် ပူဇော်ခဲ့ကြရာဖခမည်းတော် ဦးဘိုအေး၊မယ်တော် ဒေါ်သန်းဝေတို့မှ ကျပ်သိန်း(၃၀)အပါအဝင် ကျပ် သိန်း(၂၀)၊(၁၅)သိန်း၊(၁၀)သိန်း (၅)သိန်း စသည်ဖြင်ါ အလှူရှင်များကိုယ်တိုင် ကပ်လှူပူဇော်ခဲ့ကြပြီး၊ ပူဇော်ပွဲဖြစ်မြောက်ရေးအကျိုးဆောင် ဆရာဦးဌေးတင့်အောင်မှ ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပေးခဲ့ သည်။ရန်ကုန်မြို့ခမာဝုဓာရာမကျောင်းတိုက်ရောတော် ဘဒ္ဒန္တခမာဝုဓာဘိဝံသမှရေစက်ချအနုမောဒနာတရား ဟောကြားချီးမြှင့်ကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)