အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်မြေတပ်ရင်း တပ်ရင်းမိသားစုဝင်များအား ယနေ့ နံနက်(၉) နာရီ အချိန်က တပ်ရင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲ ၊ စာအုပ်ပြပွဲ နှင့် Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်၍ စာအုပ်စာ‌စောင်များ လေ့လာဖတ်ရှုကြ‌ကြောင်း သိရသည်။
Dec 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ဟော်နန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဇရပ်၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Dec 26,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စွန့်ပစ်ပလပ်စတစ်အမှိုက် ကောက်ယူခြင်းလုပ်ငန်းကို အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 26,2022
ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား ကျောင်းသူများအတွက် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ လေ့ကျင့်ပျိုးထောင်ပေးသည့်နေရာဖြစ်သည့်အတွက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲအား ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
Dec 26,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၅)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြိုတော်ခန်းမတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေး သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။