ကာလိမြို့ နယ်မြေတပ်ရင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်

ကာလိ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်မြေတပ်ရင်း တပ်ရင်းမိသားစုဝင်များအား ယနေ့ နံနက်(၉) နာရီ အချိန်က တပ်ရင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲ ၊ စာအုပ်ပြပွဲ နှင့် Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းတို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က မိမိတို့ ဌာနအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနေသည် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊ လူငယ် အယုတ်အလတ် အမြတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့  လာရောက်ရန် အခက်ခဲရှိသည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာငှားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ စာကြည့်တိုက်ကို အသုံးချတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးနေကြောင်း ရှင်းလင်းပြောကြားပြီး၊ ဆက်လက်၍ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ဟောပြောပေးခဲ့ကြောင်း သိရသည်။ တက်ရောက်လာကြသည့် တပ်ရင်းမိသားစုဝင်များ စုစုပေါင်း အင်အား (၅၀) ဦးခန့်ရှိကြောင်း သိရသည်။

ထို့နောက် သုတ၊ ရသ စာအုပ်များ စုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် တပ်ရင်းမိသားစုဝင်များအား  မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်များကို အခမဲ့ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထင်ထင် (ပြန်/ဆက်)