မိုးမိတ်မြို့၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ

မိုးမိတ် ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ဟော်နန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဇရပ်၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်နှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသော ဒေသခံပြည်သူများအား နှာခေါင်းစည်း (mask) များဖြန့်ဝေခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများက ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတားများနှင့် ဆည်မြောင်းများပြုပြင်ဆောင်ရွက်ရသည့်အကြောင်းအရာများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဟောပြောခြင်းများ၊ နယ်မြေဒေသအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စရပ်များအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်းများဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းကြပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စည်သူဋ္ဌေး