မိုင်းငေါ့ ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ ၊ ပုံပြင်များ၊ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး၊ HappyTime၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊ ဉာဏ်စမ်းပဟေဠိစာအုပ်များ စသည့် စာအုပ်စာစောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲ အစီအစဉ်များ ပြုလုပ်ပေးကာ အမှတ်တရဆု လက်ဆောင်များ ချီးမြှင့်ပေးကြောင်း၊ ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကို ဗဟုသုတ ရှာဖွေရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် ဟောပြောပွဲများ ၊ ဆွေးနွေးပွဲများ၊ Talk Show များပြု လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းငေါ့မြို့ရုံး ပြည်သူ့စာကြည့်တိုက် အတွင်းရှိ ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက်၊ ပုံပြင်ပြောပြခြင်း ၊ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်၊ စကားပုံဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် စသည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးလျက်ရှိပြီး ယနေ့တွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့က ”တံမြက်စည်းလေးတာဝန်ကျေ”ရုပ်ပြပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ် (ပြန်/ဆက်)