အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2022
မွန်ပြည်နယ် သထုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေး လုပ်သားများအား အိမ်တိုင်ရာရောက် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 26,2022
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အ.ထ.ကတွင် ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ် ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီး ဦးတင်မြင့်နှင့် အထက်တန်း(ပြ)ဆရာမကြီးဖြစ်ကြသော ဆရာမကြီး ဒေါ်စောမြတင်၊ ဆရာမကြီးဒေါ်နုနုနှင့် ဆရာမကြီးဒေါ်ခင်ခင်တို့အား ကျောင်းသား ကျောင်းသူများမှ ပူဇော်ကန်တော့ခြင်းနှင့် ကျောင်းသား/ကျောင်းသူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က (အ.ထ.က)ကျောင်းဟောင်းနေရာဖြစ်သော ပြည်တော်သာ(အ.မ.ကမူလွန်)ကျောင်း စိန်ရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 26,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 26,2022
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်ရှိ ရပ်ကွက်ရှိ မီးဘေးစိုးရိမ်ရသည့် နေရာများ၊ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
Dec 26,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေးထုတ်ကုန် တိုးတက်မြင့်မားရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် စိုက်ပျိုးရေးကဏ္ဍများ၌ ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းရာသီ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရေးအတွက် ပေါင်းတည်မြို့နယ်၌ ၃၆၈၂ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
Dec 26,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်​၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီ က ပေါက်တောမြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက်-ပိုက်ဆိပ်စုတွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေးစစ်ဆေးအကြံပေးကြသည်။
Dec 26,2022
(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအသိပညာပေး Talk Show ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။