မင်းကင်းမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် နေကြာပန်းတိုင် အထွက်နှုန်းတိုးတက်ရေးနည်းပညာ‌ပေးသင်တန်းဖွင့်ပွဲ ကျင်းပ

မင်းကင်း ဒီဇင်ဘာ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် နေကြာပန်းတိုင်အထွက်နှုန်းတိုးတက်ရေး နည်းပညာ‌ပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့က နေကြာပန်းတိုင်အထွက်နှုန်းတိုးတက်ရေးနည်း ပညာ‌ပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများမှ တောင်သူများထံ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြ‌‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနာတွင် မြို့နယ်အတွင်းရှိ တောင်သူများအား နေကြာမျိုးစေ့စိုက်ဧက(၂၀)အတွက် ထောက်ပံ့‌ပေးအပ်ခဲ့ကြကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအကြီးအကဲများနှင့် တောင်သူများစုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)