ကျောက်တန်းမြို့နယ်၊ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်တန်း ဒီဇင်ဘာ ၂၆

ကျောက်တန်းမြို့နယ် စာကြည့်တိုက်များကော်မတီ လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commiunity Centre)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ  ဦးသန့်ဇင်ထွန်းက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာကြည့်တိုက်မြေနေရာများ အမည်ပေါက်ရရှိရေး၊ လှူဒါန်းစာအုပ်များ စနစ်တကျစာရင်းရေးသွင်းရေးကော်မတီများ စနစ်တကျဖွဲ့စည်းဆောင်ရွက်ရေးအတွက် ညှိနိူင်းဆွေးနွေးခဲ့သည်။

ထိုနောက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရင်နှင့် ကော်မတီဝင်များက ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွဲ့ဖြိုးတိုးတက်ရေး၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)