ဟိုပုံး ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာမူတန်းလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲကို ဖြေဆိုချိန်တစ်နာရီဖြင့် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာမူတန်းလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ အလယ်အတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးနှင့် အထက်တန်းအဆင့်ကျောင်သား၊ ကျောင်းသူ(၂)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသူ(၁)ဦး၊ မူလတန်းအဆင့် ကာတွန်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂)ဦး ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသူ(၂)ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)