ဒလ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့်အသိပညာပေးခြင်းများကို ယမန်နေ့ညနေ (၆း၃၀)အချိန်က မြို့နယ် မီးသတ်ဉီးစီးဌာနမှ မီးသတ်ကားဖြင့် ရပ်ကွက်များသို့ လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် နေအိမ်အဆောက်အအုံ များတွင် ခိုင်ခန့်သောမီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိရန်နှင့် မီးသုံးစွဲရာတွင်လည်း မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစဉ်သတိပြုပြီး စနစ်တကျ သုံးစွဲကြစေရေး အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဒလမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများ၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားများဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။
မြင့်ဇော်(ပြန်/ဆက်)