အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးအသုံးပြု ရာတွင် စနစ်တကျဖြင့် အန္တရာယ်ကင်းရှင်းရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က အမှတ်(၁)ရပ်ကွက်၌ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 07,2022
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျောက်ဖြူဘိုးဘွားရိပ် သာရှိ အဘိုး၊ အဖွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဘိုးဘွား ရိပ်သာ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Dec 07,2022
တနင်္သာရိတိုင်းဒေသကြီ၊ တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ/တာဝန်ခံများ တက်ရောက်ကြသည်။
Dec 07,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ) ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 07,2022
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အခြေခံစား သောက်ကုန်များအား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၇ နာရီအချိန်က မြို့မရပ်ကွက်ရှိ စည်ပင်သာယာပန်းခြံရှေ့တွင်  လက်ရှိပေါက်ဈေးထက်လျော့၍ ရောင်းချပေးခဲ့သည်။
Dec 07,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  (၄)မိုင် ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။