အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန် အတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ နေ့လယ်(၁:၀၀)နာရီ၌ ၃/ ရန်ပြေရပ်ကွက်၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်၊ (KG)တန်း ရှိကျောင်းသား၊ကျောင်းသူ(၄၆)ဦး အား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများမှ Body Mass Index(BMI) စစ်ဆေးခြင်း၊ အထွေထွေရောဂါရှာဖွေ စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခဲ့သည်။   
Dec 08,2022
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးတွင်းရိက္ခာဖူလုံရေးအတွက် ‌လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသခံ ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာ(၁)လစာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွက် ယမန်နေ့နံနက် ၁၀ နာရီတွင် လုံမောင်ခန်းမ၌ ဖြန့်‌ဝေပေးခဲ့‌ကြောင်း သိရသည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှု့နိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက စျေးပိုင်းရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။
Dec 08,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံကန်တော်ကြီးကန်ပတ်လမ်း ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်(၄)ရပ်ကွက်ရှိ ကန်ပတ်လမ်းယာဝဘောဇနကျောင်းရှေ့၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်သည်။
Dec 08,2022
ကယားပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၌ ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွိုင်ကော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင်များဖတ်ရှုနိုင်စေရန်နှင့် စာပေကိုချစ်မြတ်နိုးစေရန်အတွက် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် ငှားရမ်းပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း(အောင်ချမ်းသာ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။