သာစည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးအသုံးပြုရာတွင် စနစ်တကျရှိရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်

သာစည် ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်  မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးအသုံးပြု ရာတွင် စနစ်တကျဖြင့် အန္တရာယ်ကင်းရှင်းရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က အမှတ်()ရပ်ကွက်၌ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် နေအိမ်များနှင့် စက်ရုံအလုပ်ရုံများ၌ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ မီးဖိုများကို လုံခြုံစိတ်ချရသော  အကာအရံများဖြင့် အသုံးပြုရန်နှင့် မီးဖိုအသုံးပြုစဉ် လူအမြဲရှိနေစေရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ ပြည့်စုံစွာထားရှိရန်၊ မီးသတ်ဆေးဘူးများ  အဆင်သင့် ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်မီးကို အသုံးပြုရာတွင် စနစ်တကျရှိစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနက အသိပညာပေးနှိုးဆော်ချက်များအား လိုက်နာကြရန်တို့ကို မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)