အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ မြို့မစာကြည့်တိုက်(၁၇)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ စာကြည့်တိုက်တွင်ကျင်းပခဲ့ရာ မြို့မစာကြည့်တိုက်ကော်မတီနာယကများ၊ ကြီးကြပ်မှုကော်မတီများနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် တီဘီရောဂါရှာဖွေကုသပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ပြည်သူ့ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၁၀ နာရီက တော်လဿကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့် ဗုဒ္ဓဟူးနေ့၌ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီက သင်္ဃနးကျွန်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနပေါင်းစုံမှ ပါဝင်လောင်းလှူခဲ့ကြကြောင်း သိရသည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၇/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၃) နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဆန်စပါးဖူလုံရေး တိုက်နယ် (၁၂) ခု၊ ကွင်းပေါင်း (၂၂၂) ကွင်း၌ စပါးသီးနှံ (၅၂၄၆၁) ဧက စိုက်ပျိုးထားပြီး ယနေ့နံနက် (၁၀) နာရီက ပေတောကြီးအုပ်စု၊ ကွင်းအမှတ် (၃၅၅-ခ)၊ ဦးပိုင်အမှတ်(၄၁/၂) တောင်သူဦးအောင်လှ၏ ဧရာမင်းမိုးစပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအခြောက် (၁၀၇) တင်း ထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။