ကျောက်ဖြူ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျောက်ဖြူဘိုးဘွားရိပ် သာရှိ အဘိုး၊ အဖွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဘိုးဘွား ရိပ်သာ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ကျောက်ဖြူ ဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိသည့် အဘိုး၊ အဘွားများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များအား အဆင်ပြေစေရန်အတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်း၍ ထောက်ပံ့လှူဒါန်း ခြင်းဖြစ်ကြောင်း၊ ယခုလိုမျိုးထောက်ပံ့ခြင်းကို လစဉ်ပုံမှန်ထောက်ပံ့ပေးအပ်လှူဒါန်းသွား မည်ဖြစ်ကြောင်း စသည့်အလှူငွေများ ထောက်ပံ့လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ငါးသိန်းငါးသောင်း တစ်ထောင်ငါးရာကျပ်တိတိကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင် အဖွဲ့ခေါင်းဆောင် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အုန်း ထံသို့ ပေးအပ်လှူဒါန်းရာ အဆိုပါဘိုးဘွားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့ဝင်များမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြား ခဲ့သည်။ အဆိုပါ ကျောက်ဖြူဘိုးဘွားရိပ်သာတွင် အဘိုး(၆)ဦး၊ အဖွား(၂၁)ဦး၊ စုစုပေါင်း အဘိုး၊ အဖွား (၂၇) တို့ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း