ရခိုင်ပြည်နယ် မောင်တောမြို့၌  မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

မောင်တော  ဒီဇင်ဘာ  ၇

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  (၄)မိုင် ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ကာ (၄) မိုင်ရပ်ကွက်တွင် အခြေခံအိမ်ထောင်စု စာရင်းရှိလူဦးရေနှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

အောင်ကျော်စိန်၊သက်လွင်စိုး(ပြန်/ဆက်)