အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ပညာရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဥပဒေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အ.ထ.က(ခွဲ)ဟိုယ ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးဟောပြောပွဲကို ကျင်းပသည်။
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ရုပ်ပုံပြပုံပြောခြင်းကို ‌ယနေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ကျင်းပခဲ့သည်။
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊နှင့် စာအုပ်ပြပွဲများကို ယမန်နေ့က ကွမ်းခြံကုန်းမြိုနယ်​စံပြရပ်ကွက် အ-မ-က ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2022
မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌  ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ဟောပြော ပွဲနှင့် အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက အ.ထ.က (မိုင်းဆတ်) မြတ်ပညာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ကညင်တန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကြက်ခြေနီ ‌ရှေးဦးစွာပြုစုခြင်း ဘာသာရပ်များဆွေးနွေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်းသဲကုန်း သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။