ဂွ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အခြေခံစား သောက်ကုန်များအား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၇ နာရီအချိန်က မြို့မရပ်ကွက်ရှိ စည်ပင်သာယာပန်းခြံရှေ့တွင် လက်ရှိပေါက်ဈေးထက်လျော့၍ ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂွမြို့နယ် အမှတ် ၅၆၂ ခြေမြန်တပ်ရင်းမှ တာဝန်ရှိသူများကြီးကြပ်မှုဖြင့် အသားငါး၊ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်နေပြည်သူများထံသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်