ပိုင်ကျုံ ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက် လမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက် ပေးခဲ့သည်။
အဆိုပါတံတားသည် ပိုင်ကျုံမြို့အမှတ် (၁) ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် ဆက်သွယ် ထားလျက်ရှိရာ အရှည် ၃၀ ပေ × အကျယ် ၁၇ ပေရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၂၉၆) သိန်းဖြင့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ ပထမအပတ်တွင် စတင် အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိရာ ဒီဇင်ဘလ ၇ ရက်နေ့အထိ (၃၅) ရာခိုင်နှုန်း အထိပြီးစီးဖြစ်ကြောင်း လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများတို့မှ အနီးကပ်ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ပါက ဒေသနေပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာ သွားလာနိုင်သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။
နော်ခူး (ပြန်/ဆက်)