အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ အသိပညာဗဟုသုတတိုးတက်လာစေရန် မော်လမြိုင်/ကျိုက်မရော အကျဉ်းဦးစီးဌာန အရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင် အကျဉ်းထောင်နှင့် ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ သုတ ရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် Drum Seeder မျိုးစေ့ချကိရိယာ ပေးအပ်ပွဲအခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ယနေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာန၊ အ.ထ.က(၇)စာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၉၀.၅၃ ရာခိုင်နှုန်းဝင်ရောက် ဖြေဆိုခဲ့ကြသည်။
Mar 08,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီး၌စတင်ကျင်းပခဲ့ရာ​ ဗိုလ်တ​​ထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ၇/အ​နောက်ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသော အ.ထ.က (၂)စာစစ်ဌာနနှင့် ၁/ထူပါရုံရပ်ကွက်တွင် ဖွင့်လှစ်ထားရှိ​သော အ.ထ.က(၁)စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျှော်ရွှင်စွာဖြေဆိုလျက်ရှိကြ​သည်။
Mar 08,2023
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) ကို ယနေ့မွန်းလွဲပိုင်း(၁၂)အချိန်က ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
Mar 08,2023
ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။