အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၊ အ-ထ-က(၁)စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ (၃၀၉) ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ သံတွဲမြို့ရှိ စာစစ်ဌာန(၅) ခု၌ မြန်မာစာဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၂၈၆၂ ဦးရှိပြီး ၁၀၆ ဦး ပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
Mar 08,2023
နိုင်ငံတော်မှ ဆက်ကပ်ချီးမြှင့်သော ဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်အား ယူဆောင်၍ စစ်တွေမြို့မှ ပြန်လည် ကြွချီ‌တော်မူလာသော မာန်အောင်မြို့ မြို့မကျောင်းကြီးမှ ဆရာတော်ဘဒ္ဒန္တတိက္ခဉာဏအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက် ၈ နာရီက မြို့မသင်္ဘောဆိပ်ကမ်း၌ ပြုလုပ်သည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အထိမ်းအမှတ် (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား/ ကျောင်းသူ (၈၀)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 08,2023
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၈) ရက်နေ့မှ စတင်၍တစ်ပြိုင်နက်တည်း ဖြေဆိုကျင်းပလျက်ရှိပြီး ယနေ့နံနက် ၉နာရီအချိန် က မြန်မာစာဘာသာရပ်အား တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတဝန်းရှိ စာဖြေဌာနများ၌ တစ်ပြိုင်တည်း ဖြေဆိုလျက်ရှိရာ ညောင်ဦးမြို့နယ်ရှိ စာစစ်ဌာန (၄)ခုတွင် မြန်မာစာဘာသာရပ် ဖြေဆိုသူ ၅၃၆ ဦး ရှိကြောင်း သိရသည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။